Home

Welcome to my blog, Title ကို Click နှိပ်၍ဝင်ရောက်ကြည်ရှုနိုင်ပါသည်

Friday 2 December 2022

Main Engine Control system MOP မှာ insulation alarm






 ME-C Engine စီးလာတဲ့ ETO တယောက်နဲ့တွေ့တော့ အတွေ့ အကြုံ တွေ ဖလှယ်ဖြစ်ခဲ့တယ်။

ဒီတခါခေါင်းစဥ်က noise နဲ့ insulation ပြသာနာ ပါ။

သင်္ဘောက Main Engine Control system MOP မှာ insulation alarm တွေတောက်လျှောက်တက်နေတယ်။ကြည့်လိုက်တော့

CCU1 ကဖြစ်နေတယ် သင်္ဘော operation ကိုတော့ ဒုက္ခ မပေးဘူး။ Engineer တွေကိုဘဲကြွေးနေတာ။သင်္ဘောကလဲမျှောထားတဲ့အချိန်ဆိုတော့ ဖြေရှင်းဘို့ စက်ချုပ်ကအဆိုပြုလာတယ်။

MOP (main operation panel) မှာ

Alarms Column အောက်က Alarm List သွားပြီး Click လုပ်ပြီး info (information.

Troubleshooting guide) ကိုနိုတ်လိုက်တော့

Cause: ကဖြစ်နိုင်ခြေတွေဖေါ်ပြပါတယ်။

Effect: ကဘာတွေဖြစ်မလဲဆိုတာပြပါတယ်။

Action: က ဘာတွေလုပ်ရမလဲဆိုတာပြပါတယ်။

Info ရဲ့ Guide ထဲက ကိုယ်နဲ့သင့်မယ့် ​​ ဖြစ်နိုင်တဲ့ item တွေကိုစစ်ပါတယ်။

အဲ့ဒီတော့ Unit 1 နား cable အဝင်အထွက်တွေလိုက်စစ်ပါတယ် cable တွေ အက်နေ ကွဲနေလား Cable clip ဖမ်းတဲ့နေရာတွေcable gland နေရာတွေ junction boxတွေ မှာ metel နဲ့ထိနေတဲ့ နေရာ​ ​ေတွ လိုက်စစ်တယ် ကိုင်ကြည့် လှုပ်ကြည့်တယ် အမြင်ကတော့ ကောင်းနေတာတွေ့ရတယ် Alarm ကတော့မပျောက်ပါဘူး။ ဖြစ်နိုင်ခြေက Cable တွေ Sensors တွေ Actuator နဲ့ MPC ကိုယ်တိုင်မှာလဲ​ ဖြစ်နိင်ပါတယ်။

CCU 1 ကို ဝင်တဲ့ input output တွေ Power supply တွေဘာတွေရှိလဲ Drawing ဖတ်ကြည့်တော့အားပါးမနဲဘူး သူငယ်ချင်းETO တယောက်ပြောသလို ကျွတ်ဆင်ကြီးပါလား။

Input output တွေက Cylender (No1) ရဲ့ FIVA control (pilot valve) လဲ က J70, power က J9

FIVA FeedBack J30Fuel pump plunget Position က J31Exhust Valve Position က J34

Starting Air Valve Control က J50Lubricator Activation က J51Lubricator FeedBack က J52Cylinder Lub Oil level က J21Shut down (From Safety System) က J32Power supply က J1NET B J66, NET A J65

TACHO B နဲ့ ပတ်သက်တာတွေက J44, J45, J46, J47.

TACHO A နဲ့ပတ်သက်တာတွေက J 40,J 41, J42, J43. တို့တပ်ဆင်ထားတယ်။

Main Switchboardက Insulation ကျရင်ရှာသလိုဘဲ Breaker တွေ တစ်ခုချင်းချသလို J (ဂျေ) connection တွေ တစ်ခု​ ပြီးတစ်ခုဖြုတ်ရှာရတာပါဘဲ။

Control ခန်းထဲ Engineer တစ်ယောက်ကို MOP ရဲ့ Maintenance Column. Troubleshooting အောက်က Insulation page မှာ ကြည့်ခိုင်းပြီး ETO က CCU 1 ရဲ့ I/O တွေကို တစ်ခုချင်း ဖြုတ်ကြည့်ကြပါတယ်။ CCU1 ရဲ့ Location က Main Engine platform အလယ်ထပ်က ECC-2 cabinet ထဲမှာရှိပါတယ်။

အတိုချုပ် ပြောရရင်တော့ နောက်ဆုံး FIVA မှာသွားတွေ့တယ်။

FIVA မှာက လဲ Feedback J30 ကOk. နောက်ဆုံး Pilot valve (block) ကဖြစ်နေတယ်။

Spare လဲရှိနေတော့ လဲလိုက်တော့ Ok သွားပါတယ်။

လဲမယ်ဆိုရင် Hydraulic line diagram မှာရှိတဲ့လိုအပ်တဲ့ valve တွေပိတ်ရမှာပါ

Line diagram နဲ့ ပုံလေးတွေပေးထားပါတယ် လေ့လာကြည့်ပါ။

ရေးထားတာလွယ်နေမလားတော့မသိဘူး တကယ်တော့ ဖြစ်တန်ရာကိုရှာတဲ့ အဆင့်တွေ မလိုအပ်လို့ အများကြိးချန်ထားခဲ့ပါတယ် လွယ်လွယ်နဲ့တော့ရှာလို့မရခဲ့ပါဘူး ။

CCU က J1ကို ​ ဖြုတ်စစ်စဥ်က ပေါ်လာတဲ့ Alarm တွေကိုတော့ Turning Gear 5 Turns ခန့်လည့်ပြီး Reset လုပ်ခဲ့ပါတယ်။

Air blow လုပ်ခြင်းဖြစ်လဲ Reset လုပ်နိုင်ပါတယ်။

တခြားသင်္ဘောတစ်စီးက ဖြစ်ပုံက style တမျိုး သင်္ဘော သွားနေရင်း

Cylinder Lubricator က Level sensor က Fault ဖြစ်ပြီး Engine Slowdown ဖြစ်သွားတယ်။

Spare ရှာတော့ရှိတယ် အဲ့ဒါနဲ့ Spare လဲထဲ့လိုက်တယ်။ ပြန်မောင်းတော့ ok

ဒါပေမဲ့ ခဏကြာတော့ insulation alarm လဲတတ်လာတယ် Sensor Fault ပြန်ဖြစ်ပြီး

Slowdown ပြန်ဖြစ်သွားတယ် စက်ချုပ်နဲ့တိုင်ပင်ပြီး Alarm လာတဲ့ sensor ရဲ့ Channel ကို Invalid

လုပ်မောင်းပြီ Spare အသစ်ထပ်မှာခဲ့တယ် ဆိပ်ကမ်းရောက်တော့ spare အသစ်ရတော့

ထပ်လဲတယ် ဒီတခါတော့ OK

သွားတယ် သုံးသပ်တာက ပထမ လဲတဲ့sensor cable က leak ဖြစ်နေတယ်လို့သုံးသပ်ရပါတယ်

spare packing က loose ဖြစ်နေတော့အ​ဟောင်းလဲဖြစ်နိုင်တာပေါ့။

အလားတူ insulation ပြသနာမျိုးတွေကိုလဲ MAN B & W ရဲ့ Service LetterSL 2012-561 မှာလဲ လေ့လာနိုင်ပါတယ်။

ဒီအတွေ့ကြုံလေး ဖတ်မိရင်တော့ ညီအကိုတို့ ဒီလို​ ပြသနာ မျိုးကြုံခဲ့ရင် Troubleshooting လုပ်တဲ့အခါ အထောက်အကူ ဖြစ်မှာပါ အားလုံးအဆင်ပြေကြပါစေ။

Credit : Original uploader



No comments:

Post a Comment

Popular

Engine Control Room Air Condition ပြသနာ

ကျွန်တော့ သဘော် Engine Control Room ထဲမှာ Air cond က နှစ်လုံးရှိတယ် တစ်လုံးက compressor suction Low pressure Alarm လာတယ် Reset လုပ်လိုက်တယ် ...