PT 100...။ platinum နဲ့ လုပ်ထားတယ်၊ (100 Deg. C အထိ sense လုပ်တယ်၊ )
PTC နဲ့ NTC ဆိုပြီး (၂) မျိုး ရှိတယ်၊
1- PTC
PTC ဆိုတာက positive temperature coefficient...။ သူက temperature တက် လာရင် resistance တက် လာမယ်၊
2- NTC
က negative temperature coefficient... ။ သူက temperature တက်လာရင် resistance ကျ
သွားမယ်၊
ဘယ်လိုအလုပ်သလဲ
"Thermocouple" ဆိုတာ၊
အမျိုးအစား မတူတဲ့ သတ္တု (၂) မျိုးကို wire legs အနေနဲ့ သုံးထားတဲ့၊ temperature senor
ထိပ်မှာ၊ wire legs (၂) ခုကို ပူးပြီး welded လုပ် ထားတယ်။ junction ပေါ့လေ။ အဲဒီ junction ကနေ temperature ကို ဖတ်တယ်။ temperature တက်လာရင် junction မှာ voltage တန်ဖိုး တခု တက်လာမယ်။
အဲဒီ့နည်းနဲ့ ဖတ်တာ။
"Thermocouple" တွေကို၊
(i)
Base Metal Thermcouple နဲ့
(ii)
Noble Metal Thermocouple ဆိုပြီး၊ အုပ်စု (၂) မျိုး ခွဲ ထားတယ်။
.
[1] Base Metal Thermcouple –
Type J, K, T, E နဲ့ N ဆိုတဲ့ Thermocouple တွေက၊ Base Metal Thermcouple တွေ။
Type K ကို၊ Nickel-Chromium နဲ့ Nickel-Alumel ဆိုတဲ့
သတ္တုစပ် (၂) မျိုး သုံးပြီး၊ လုပ်ထားတယ်။
- Type K ဟာ အသုံးများတဲ့၊ temperature senor (- 270 Deg. C ကနေ၊ 1260 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
. Type J ကလည်း၊ Type K လို အသုံးများတယ်။ သူ့ကို
temperarure range နည်းနည်း နိမ့်တဲ့ နေရာတွေမှာ၊ သုံးတယ်။ သူက iron ရယ်၊ constatan ရယ် သုံးထားတဲ့ Thermcouple...။ (- 210 Deg. C ကနေ 760 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
.
Type T- ကတော့ extremely low-temperature တွေ
အတွက်၊ သုံးတဲ့ very stable Thermocouple။ အရမ်းနိမ့်တဲ့ temperarure range တွေအတွက် သုံးတာ။
ဥပမာ cryogenics လို၊ ultra lo freezer တွေလို၊ temperarure range တွေမှာ သုံးတာမျိုး။
(Cryogenics ဆိုတာ၊ Greek စကားက လာတာ။ 'kryos' ဆိုတဲ့ "frost" ရယ်၊ 'genic' ဆိုတဲ့ "to produce" ရယ်ကို
ပေါင်းထားတာ။)
below the freezing point of water (0 C) ရေခဲအမှတ်အောက် အရမ်းအေးတဲ့ temperature မှာ၊ production လုပ်တယ် ဆိုပါတော့။ သူက coper ရယ် constatan ရယ်၊ constatan ရယ် သုံးထားတဲ့ Thermcouple...။ (- 270 Deg. C ကနေ၊ 370 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
.
Type E- ကို၊ Nickel-Chromium ရယ်၊ constatan ရယ် သုံးပြီး လုပ်ထားတယ်။ Type E ဟာ၊ Base Metal Thermcouple တွေထဲမှာတော့
stronger signal နဲ့ high accurency Thermocouple လို့
ပြောလို့ရတယ်။ (- 270 Deg. C ကနေ၊ 870 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
Type N- သူက Type K လိုပဲ။ အသုံးများတယ်။
ဒါပေမယ့် ဈေးကြီးတယ်။
သူ့ကို Nicrosil ရယ်၊ Nisil ရယ် သုံးပြီး လုပ်ထားတယ်။ (- 270 Deg. C ကနေ၊ 392 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
[2]- Noble Metal Thermocouple
တွေကို၊ Type S, R နဲ့ B ဆိုပြီး တွေ့ရလိမ့်မယ်။ Noble Metal Thermocouple တွေက၊ Base Metal Thermocouple တွေထက်၊
ဈေးပိုကြီးတယ်။
Type S ကို very high-temperature applications တွေအတွက် သုံးတယ်။ ဥပမာ Bio-Tech တို့၊ Pharmaceutical Industries တွေလို၊ applications တွေမှာ သုံးတာမျိုးပေါ့။
.
တခါတလေလည်း၊ lower temperature
applications တွေမှာ သုံးတယ်။
ဘာလို့လည်းဆိုတော့၊ သူ့ရဲ့ accuracy နဲ့ stability ကြောင့်။ Type S ကို၊ Platinum Rhodium 10% ရယ်၊ Platinum ရယ် သုံးပြီး လုပ်ထားတယ်။ (-50 Deg C C ကနေ၊ 1480 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
.
Type R ဆိုတာ Platinum Rhodium 13% ရယ်၊ Platinum ရယ် သုံးပြီး လုပ်ထားတဲ့ Thermocouple...။ Type R ကိုလည်း၊ very high-temperature applications တွေအတွက် သုံးသလို၊ lower temperature
applications တွေမှာလည်း သုံးတယ်။
ဘာလို့လည်းဆိုတော့၊ သူ့ရဲ့ accuracy နဲ့ stability ကြောင့်...။ Temperature range က၊ Type S လိုပဲ။ (-50 Deg C C ကနေ၊ 1480 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
.
Type B ကို
ကျတော့၊ Platinum Rhodium 30% ရယ်၊ Platinum Rhodium 6% ရယ်၊ သုံးပြီး လုပ်ထားရယ်
သုံးပြီး လုပ်ထားတယ်။ extremely high-temperature applications တွေအတွက် သုံးတယ်။ သူက (0 Deg C ကနေ၊ 1700 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
ဒီလောက်ဆို "Thermocouple" တွေရဲ့ အခြေခံလေးတွေ၊ သိသွားမယ်လို့၊ ထင်ပါတယ်။
.
Credit : Original writer
No comments:
Post a Comment