Home

Welcome to my blog, Title ကို Click နှိပ်၍ဝင်ရောက်ကြည်ရှုနိုင်ပါသည်

Monday 13 February 2023

Engine Control Room Air Condition ပြသနာ

ကျွန်တော့ သဘော် Engine Control Room ထဲမှာ Air cond က နှစ်လုံးရှိတယ် တစ်လုံးက compressor suction Low pressure Alarm လာတယ် Reset လုပ်လိုက်တယ် ပျောက်သွားတယ် ပုံမှန် Compressor ပြန်လည်တယ် ဒီလိုနဲ့ တရက်ကိုနှစ်ခါလောက်လာတယ် နောက် အအေးပါလျော့လာတယ် မဖြစ်သေးပါဘူးဆိုပြီး Air Suction Filter cleaning လုပ်ကြည့်လိုက်တယ် အမယ် Alarm​ 
တော့ မလာတော့ ဘူး ဒါပေမဲ့ အအေးက ပုံမှန်မဟုတ်တော့ဘူး လျော့လာတယ် စက်ချုပ်က Gas လေး ထပ်ဖြည့်ကြည့်ဖို့ ပြောလာတယ် Gas ဖြည့်တာလွယ်ပါတယ် ဆိုပြီး 1kg လောက်ဖြည့်လိုက်တယ် Ok ပေါ့ပြန်အေးလာမှာပဲဆိုပြီး ပြစ်ထားလိုက်တယ်နေ့လည် ထမင်းစားဖို့  Mess Room သွားပြီး ထမင်းစားနေတုံး Tlelphone လာတယ် Alarm လာပြီး ရပ်သွားပြီတဲ့ ထမင်းလေးတော့ပြီးအောင်စားပါရစေလို ပြောတော့ DutyEngineer က Sorry no problem လို့ပြောပြီး Phone ချသွားတယ် ဒါနဲ့အခန်းပြန် Boiler Suit လဲပြီး EngineRoom  ဆင်း Control ခန်းထဲဝင်လိုက်တော့ အတော်ပူနေပြီး Duty Engineer ကလဲ လုပ်ပါအုံး ပူလာပြီပေါ့  Air con type က Viking Airtech Pakage Airconဗျ Compressor ရှိမဲ့ အောက်ချမ်း ဖွင်ပြီး Pressure Gauge ချိတ်ရတော့ပါပေါ. Low pressure က သုံည ထိကျပြီး နေတော့ရပ်ပြီပေါ့ ဒါနဲ့ Suction ဘက်က Gas နဲနဲ ထပ်ဖြည်ကြည့်တော့pressure ရပြီး ထလည်တယ် နောက် 1bar လောက် ပြန်ဆင်း ရပ်ပြန်လေရော Suction pressure  Sensor switch က (1.5 to 2.5) Kpa 
Suction side ဘက်ကနေ Gas ဖြည်တာ Discharge ဘက်မှာ 10 bar ကနေ ပို့မတက်ဘူး System Line တနေရာရာတော့ပိတ်နေပြီဆိုတာကောက်ချက်ချပြီးDryer Filter လဲပြစ်လိုက်တယ် ဒါပေမဲ့ အရင်အတိုင်း မထူးခြားဘူး ခက်တော့နေပြီ Expension Valve ပိတ်သလားဆိုပြီး ရေနွေးပူနဲ့လောင်းကြည့်တယ်ဒုံရင်းအတိုင်း Gas က နဲနဲSuction side က ဖြည့်တာ 2kg လောက်ကုန်သွားတယ်Gas Leakage ဖြစ်နေသလားဆိုပြီGas Leakage tester နဲ့ ကော့ ဆပ်ပြာမြှုပ်နဲ့ပါ စုံနေအောင် စမ်းကြည့်တယ်ကြီးကြီးမားမား Leakage ဖြစ်တာ မတွေရဘူး Expension valve မှာတော့ block နိုင်တယ် Receiver side glass မှာလဲ Liquid level မတွေ့ရတော့  Liquide side ဘက်ကနေ 1kg လေက်ထည်ပြီး ပြန်မောင်းကြည်လိုက်တော့မှ Discharge pressure တက်လာပြီး  Expension valve ကောင်းကောင်းအလုပ်လုပ်ပါတော့တယ် လိုအပ်လို့ Gas ဖြည်ရင်လည်း Secution side(gas) နဲ့ Condensor side(liquid) ကိုမျှ ဖြည်နိုင်ရင် ပိုကောင်းမယ်လို့ထင်ပါတယ်

Auto pilotမရတဲ့ပြဿနာ

ကျွန်တော် တက်နေသော Container Ship မှာ Survo loop failer alarm  လာပါသည် နောက် Auto pilot မရတောဘူးလို့ Duty officer အကြောင်းကြားပါတယ် ဒါပေမဲ့ Manuvering အချိန်လည်း နီးပြီး ကမ်းကပ်တော့မှာ Auto pilot မလိုတော့လို့ ပြန်ထွက်တောမှပဲစစ်ကြည်လို့ရမယ်လို.အကြောင်းပြန်လိုက်ပါတယ်
ဒါပေမဲ့ကမ်းကပ်ပြီးချိန် Steering Room ကိုသွား Control box ကိုဖွင့်ပြီး Circuit Diragram လှန် fault findin လုပ်ရတော့တာပေါ့ Circuit Diragram မှာ Steering motor Star Delta sequence ပြီးနောက်Timer (T)တခုခံပြီးနောက် Siginal ကို Auto pilot control ကိုပေးပါတယ် ဒီ Timer လေးက အလုပ်မလုပ်လို့ပဲ ထင်ပြီး Timer အသစ်လဲထားလိုက်ပါတယ် At sea Autopilot ပြန်ချိန်းတောမှပဲစစ်ရတောမှာပေါ့။
       ကမ်းကနေပြန်ခွာပြီး At sea autopilot ချိန်းတဲ့အခါ မရဘူးလို့ Deck ကအကြောင်းကြားလာပါတယ် ကျွန်တော်လဲ Steering room သွား second officer နဲ့ Steering room ကနေ Bridge ကို telephone နဲ့ ဆက် သွယ် ပြီး Auto pilot မရတဲ Steering တလုံးတည်းမောင်ံးပြီး စမ်းကြည့်တော့ Steering pump သံက ပြောင်းနေ သဖြင့် Pump pressure သွားကြည့်တော့ Pump pressure zero ဖြစ်နေပါတယ် စက်ချုပ်ကို အကြောင်းကြားရတောတာပေါ့ တခါတလေလဲ Mechinical fault က Electrical fault ထင်ပြီး  ရွှေသမင်အလိုက်မှားခဲ့ရပါတယ်။

Friday 2 December 2022

Main Engine Control system MOP မှာ insulation alarm






 ME-C Engine စီးလာတဲ့ ETO တယောက်နဲ့တွေ့တော့ အတွေ့ အကြုံ တွေ ဖလှယ်ဖြစ်ခဲ့တယ်။

ဒီတခါခေါင်းစဥ်က noise နဲ့ insulation ပြသာနာ ပါ။

သင်္ဘောက Main Engine Control system MOP မှာ insulation alarm တွေတောက်လျှောက်တက်နေတယ်။ကြည့်လိုက်တော့

CCU1 ကဖြစ်နေတယ် သင်္ဘော operation ကိုတော့ ဒုက္ခ မပေးဘူး။ Engineer တွေကိုဘဲကြွေးနေတာ။သင်္ဘောကလဲမျှောထားတဲ့အချိန်ဆိုတော့ ဖြေရှင်းဘို့ စက်ချုပ်ကအဆိုပြုလာတယ်။

MOP (main operation panel) မှာ

Alarms Column အောက်က Alarm List သွားပြီး Click လုပ်ပြီး info (information.

Troubleshooting guide) ကိုနိုတ်လိုက်တော့

Cause: ကဖြစ်နိုင်ခြေတွေဖေါ်ပြပါတယ်။

Effect: ကဘာတွေဖြစ်မလဲဆိုတာပြပါတယ်။

Action: က ဘာတွေလုပ်ရမလဲဆိုတာပြပါတယ်။

Info ရဲ့ Guide ထဲက ကိုယ်နဲ့သင့်မယ့် ​​ ဖြစ်နိုင်တဲ့ item တွေကိုစစ်ပါတယ်။

အဲ့ဒီတော့ Unit 1 နား cable အဝင်အထွက်တွေလိုက်စစ်ပါတယ် cable တွေ အက်နေ ကွဲနေလား Cable clip ဖမ်းတဲ့နေရာတွေcable gland နေရာတွေ junction boxတွေ မှာ metel နဲ့ထိနေတဲ့ နေရာ​ ​ေတွ လိုက်စစ်တယ် ကိုင်ကြည့် လှုပ်ကြည့်တယ် အမြင်ကတော့ ကောင်းနေတာတွေ့ရတယ် Alarm ကတော့မပျောက်ပါဘူး။ ဖြစ်နိုင်ခြေက Cable တွေ Sensors တွေ Actuator နဲ့ MPC ကိုယ်တိုင်မှာလဲ​ ဖြစ်နိင်ပါတယ်။

CCU 1 ကို ဝင်တဲ့ input output တွေ Power supply တွေဘာတွေရှိလဲ Drawing ဖတ်ကြည့်တော့အားပါးမနဲဘူး သူငယ်ချင်းETO တယောက်ပြောသလို ကျွတ်ဆင်ကြီးပါလား။

Input output တွေက Cylender (No1) ရဲ့ FIVA control (pilot valve) လဲ က J70, power က J9

FIVA FeedBack J30Fuel pump plunget Position က J31Exhust Valve Position က J34

Starting Air Valve Control က J50Lubricator Activation က J51Lubricator FeedBack က J52Cylinder Lub Oil level က J21Shut down (From Safety System) က J32Power supply က J1NET B J66, NET A J65

TACHO B နဲ့ ပတ်သက်တာတွေက J44, J45, J46, J47.

TACHO A နဲ့ပတ်သက်တာတွေက J 40,J 41, J42, J43. တို့တပ်ဆင်ထားတယ်။

Main Switchboardက Insulation ကျရင်ရှာသလိုဘဲ Breaker တွေ တစ်ခုချင်းချသလို J (ဂျေ) connection တွေ တစ်ခု​ ပြီးတစ်ခုဖြုတ်ရှာရတာပါဘဲ။

Control ခန်းထဲ Engineer တစ်ယောက်ကို MOP ရဲ့ Maintenance Column. Troubleshooting အောက်က Insulation page မှာ ကြည့်ခိုင်းပြီး ETO က CCU 1 ရဲ့ I/O တွေကို တစ်ခုချင်း ဖြုတ်ကြည့်ကြပါတယ်။ CCU1 ရဲ့ Location က Main Engine platform အလယ်ထပ်က ECC-2 cabinet ထဲမှာရှိပါတယ်။

အတိုချုပ် ပြောရရင်တော့ နောက်ဆုံး FIVA မှာသွားတွေ့တယ်။

FIVA မှာက လဲ Feedback J30 ကOk. နောက်ဆုံး Pilot valve (block) ကဖြစ်နေတယ်။

Spare လဲရှိနေတော့ လဲလိုက်တော့ Ok သွားပါတယ်။

လဲမယ်ဆိုရင် Hydraulic line diagram မှာရှိတဲ့လိုအပ်တဲ့ valve တွေပိတ်ရမှာပါ

Line diagram နဲ့ ပုံလေးတွေပေးထားပါတယ် လေ့လာကြည့်ပါ။

ရေးထားတာလွယ်နေမလားတော့မသိဘူး တကယ်တော့ ဖြစ်တန်ရာကိုရှာတဲ့ အဆင့်တွေ မလိုအပ်လို့ အများကြိးချန်ထားခဲ့ပါတယ် လွယ်လွယ်နဲ့တော့ရှာလို့မရခဲ့ပါဘူး ။

CCU က J1ကို ​ ဖြုတ်စစ်စဥ်က ပေါ်လာတဲ့ Alarm တွေကိုတော့ Turning Gear 5 Turns ခန့်လည့်ပြီး Reset လုပ်ခဲ့ပါတယ်။

Air blow လုပ်ခြင်းဖြစ်လဲ Reset လုပ်နိုင်ပါတယ်။

တခြားသင်္ဘောတစ်စီးက ဖြစ်ပုံက style တမျိုး သင်္ဘော သွားနေရင်း

Cylinder Lubricator က Level sensor က Fault ဖြစ်ပြီး Engine Slowdown ဖြစ်သွားတယ်။

Spare ရှာတော့ရှိတယ် အဲ့ဒါနဲ့ Spare လဲထဲ့လိုက်တယ်။ ပြန်မောင်းတော့ ok

ဒါပေမဲ့ ခဏကြာတော့ insulation alarm လဲတတ်လာတယ် Sensor Fault ပြန်ဖြစ်ပြီး

Slowdown ပြန်ဖြစ်သွားတယ် စက်ချုပ်နဲ့တိုင်ပင်ပြီး Alarm လာတဲ့ sensor ရဲ့ Channel ကို Invalid

လုပ်မောင်းပြီ Spare အသစ်ထပ်မှာခဲ့တယ် ဆိပ်ကမ်းရောက်တော့ spare အသစ်ရတော့

ထပ်လဲတယ် ဒီတခါတော့ OK

သွားတယ် သုံးသပ်တာက ပထမ လဲတဲ့sensor cable က leak ဖြစ်နေတယ်လို့သုံးသပ်ရပါတယ်

spare packing က loose ဖြစ်နေတော့အ​ဟောင်းလဲဖြစ်နိုင်တာပေါ့။

အလားတူ insulation ပြသနာမျိုးတွေကိုလဲ MAN B & W ရဲ့ Service LetterSL 2012-561 မှာလဲ လေ့လာနိုင်ပါတယ်။

ဒီအတွေ့ကြုံလေး ဖတ်မိရင်တော့ ညီအကိုတို့ ဒီလို​ ပြသနာ မျိုးကြုံခဲ့ရင် Troubleshooting လုပ်တဲ့အခါ အထောက်အကူ ဖြစ်မှာပါ အားလုံးအဆင်ပြေကြပါစေ။

Credit : Original uploader



Popular

Engine Control Room Air Condition ပြသနာ

ကျွန်တော့ သဘော် Engine Control Room ထဲမှာ Air cond က နှစ်လုံးရှိတယ် တစ်လုံးက compressor suction Low pressure Alarm လာတယ် Reset လုပ်လိုက်တယ် ...