Home
Monday, 13 February 2023
Engine Control Room Air Condition ပြသနာ
Auto pilotမရတဲ့ပြဿနာ
Saturday, 3 December 2022
PT 100...။ platinum နဲ့ လုပ်ထားတယ်၊ (100 Deg. C အထိ sense လုပ်တယ်၊ )
PTC နဲ့ NTC ဆိုပြီး (၂) မျိုး ရှိတယ်၊
1- PTC
PTC ဆိုတာက positive temperature coefficient...။ သူက temperature တက် လာရင် resistance တက် လာမယ်၊
2- NTC
က negative temperature coefficient... ။ သူက temperature တက်လာရင် resistance ကျ
သွားမယ်၊
ဘယ်လိုအလုပ်သလဲ
"Thermocouple" ဆိုတာ၊
အမျိုးအစား မတူတဲ့ သတ္တု (၂) မျိုးကို wire legs အနေနဲ့ သုံးထားတဲ့၊ temperature senor
ထိပ်မှာ၊ wire legs (၂) ခုကို ပူးပြီး welded လုပ် ထားတယ်။ junction ပေါ့လေ။ အဲဒီ junction ကနေ temperature ကို ဖတ်တယ်။ temperature တက်လာရင် junction မှာ voltage တန်ဖိုး တခု တက်လာမယ်။
အဲဒီ့နည်းနဲ့ ဖတ်တာ။
"Thermocouple" တွေကို၊
(i)
Base Metal Thermcouple နဲ့
(ii)
Noble Metal Thermocouple ဆိုပြီး၊ အုပ်စု (၂) မျိုး ခွဲ ထားတယ်။
.
[1] Base Metal Thermcouple –
Type J, K, T, E နဲ့ N ဆိုတဲ့ Thermocouple တွေက၊ Base Metal Thermcouple တွေ။
Type K ကို၊ Nickel-Chromium နဲ့ Nickel-Alumel ဆိုတဲ့
သတ္တုစပ် (၂) မျိုး သုံးပြီး၊ လုပ်ထားတယ်။
- Type K ဟာ အသုံးများတဲ့၊ temperature senor (- 270 Deg. C ကနေ၊ 1260 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
. Type J ကလည်း၊ Type K လို အသုံးများတယ်။ သူ့ကို
temperarure range နည်းနည်း နိမ့်တဲ့ နေရာတွေမှာ၊ သုံးတယ်။ သူက iron ရယ်၊ constatan ရယ် သုံးထားတဲ့ Thermcouple...။ (- 210 Deg. C ကနေ 760 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
.
Type T- ကတော့ extremely low-temperature တွေ
အတွက်၊ သုံးတဲ့ very stable Thermocouple။ အရမ်းနိမ့်တဲ့ temperarure range တွေအတွက် သုံးတာ။
ဥပမာ cryogenics လို၊ ultra lo freezer တွေလို၊ temperarure range တွေမှာ သုံးတာမျိုး။
(Cryogenics ဆိုတာ၊ Greek စကားက လာတာ။ 'kryos' ဆိုတဲ့ "frost" ရယ်၊ 'genic' ဆိုတဲ့ "to produce" ရယ်ကို
ပေါင်းထားတာ။)
below the freezing point of water (0 C) ရေခဲအမှတ်အောက် အရမ်းအေးတဲ့ temperature မှာ၊ production လုပ်တယ် ဆိုပါတော့။ သူက coper ရယ် constatan ရယ်၊ constatan ရယ် သုံးထားတဲ့ Thermcouple...။ (- 270 Deg. C ကနေ၊ 370 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
.
Type E- ကို၊ Nickel-Chromium ရယ်၊ constatan ရယ် သုံးပြီး လုပ်ထားတယ်။ Type E ဟာ၊ Base Metal Thermcouple တွေထဲမှာတော့
stronger signal နဲ့ high accurency Thermocouple လို့
ပြောလို့ရတယ်။ (- 270 Deg. C ကနေ၊ 870 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
Type N- သူက Type K လိုပဲ။ အသုံးများတယ်။
ဒါပေမယ့် ဈေးကြီးတယ်။
သူ့ကို Nicrosil ရယ်၊ Nisil ရယ် သုံးပြီး လုပ်ထားတယ်။ (- 270 Deg. C ကနေ၊ 392 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
[2]- Noble Metal Thermocouple
တွေကို၊ Type S, R နဲ့ B ဆိုပြီး တွေ့ရလိမ့်မယ်။ Noble Metal Thermocouple တွေက၊ Base Metal Thermocouple တွေထက်၊
ဈေးပိုကြီးတယ်။
Type S ကို very high-temperature applications တွေအတွက် သုံးတယ်။ ဥပမာ Bio-Tech တို့၊ Pharmaceutical Industries တွေလို၊ applications တွေမှာ သုံးတာမျိုးပေါ့။
.
တခါတလေလည်း၊ lower temperature
applications တွေမှာ သုံးတယ်။
ဘာလို့လည်းဆိုတော့၊ သူ့ရဲ့ accuracy နဲ့ stability ကြောင့်။ Type S ကို၊ Platinum Rhodium 10% ရယ်၊ Platinum ရယ် သုံးပြီး လုပ်ထားတယ်။ (-50 Deg C C ကနေ၊ 1480 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
.
Type R ဆိုတာ Platinum Rhodium 13% ရယ်၊ Platinum ရယ် သုံးပြီး လုပ်ထားတဲ့ Thermocouple...။ Type R ကိုလည်း၊ very high-temperature applications တွေအတွက် သုံးသလို၊ lower temperature
applications တွေမှာလည်း သုံးတယ်။
ဘာလို့လည်းဆိုတော့၊ သူ့ရဲ့ accuracy နဲ့ stability ကြောင့်...။ Temperature range က၊ Type S လိုပဲ။ (-50 Deg C C ကနေ၊ 1480 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
.
Type B ကို
ကျတော့၊ Platinum Rhodium 30% ရယ်၊ Platinum Rhodium 6% ရယ်၊ သုံးပြီး လုပ်ထားရယ်
သုံးပြီး လုပ်ထားတယ်။ extremely high-temperature applications တွေအတွက် သုံးတယ်။ သူက (0 Deg C ကနေ၊ 1700 Deg. C) လောက်အထိ တိုင်းပေးနိုင်တယ်။
ဒီလောက်ဆို "Thermocouple" တွေရဲ့ အခြေခံလေးတွေ၊ သိသွားမယ်လို့၊ ထင်ပါတယ်။
.
Credit : Original writer
Friday, 2 December 2022
Main Engine Control system MOP မှာ insulation alarm
ME-C Engine စီးလာတဲ့ ETO တယောက်နဲ့တွေ့တော့ အတွေ့ အကြုံ တွေ ဖလှယ်ဖြစ်ခဲ့တယ်။
ဒီတခါခေါင်းစဥ်က noise နဲ့ insulation ပြသာနာ ပါ။
သင်္ဘောက Main Engine Control system MOP မှာ insulation alarm တွေတောက်လျှောက်တက်နေတယ်။ကြည့်လိုက်တော့
CCU1 ကဖြစ်နေတယ် သင်္ဘော operation ကိုတော့ ဒုက္ခ မပေးဘူး။ Engineer တွေကိုဘဲကြွေးနေတာ။သင်္ဘောကလဲမျှောထားတဲ့အချိန်ဆိုတော့
ဖြေရှင်းဘို့ စက်ချုပ်ကအဆိုပြုလာတယ်။
MOP (main operation panel) မှာ
Alarms Column အောက်က Alarm List သွားပြီး Click လုပ်ပြီး info (information.
Troubleshooting guide) ကိုနိုတ်လိုက်တော့
Cause: ကဖြစ်နိုင်ခြေတွေဖေါ်ပြပါတယ်။
Effect: ကဘာတွေဖြစ်မလဲဆိုတာပြပါတယ်။
Action: က
ဘာတွေလုပ်ရမလဲဆိုတာပြပါတယ်။
Info ရဲ့ Guide ထဲက ကိုယ်နဲ့သင့်မယ့်
ဖြစ်နိုင်တဲ့ item တွေကိုစစ်ပါတယ်။
အဲ့ဒီတော့ Unit 1 နား cable အဝင်အထွက်တွေလိုက်စစ်ပါတယ် cable တွေ အက်နေ ကွဲနေလား Cable clip ဖမ်းတဲ့နေရာတွေcable gland နေရာတွေ junction boxတွေ မှာ metel နဲ့ထိနေတဲ့ နေရာ ေတွ
လိုက်စစ်တယ် ကိုင်ကြည့် လှုပ်ကြည့်တယ် အမြင်ကတော့ ကောင်းနေတာတွေ့ရတယ် Alarm ကတော့မပျောက်ပါဘူး။
ဖြစ်နိုင်ခြေက Cable တွေ Sensors တွေ Actuator နဲ့ MPC ကိုယ်တိုင်မှာလဲ
ဖြစ်နိင်ပါတယ်။
CCU 1 ကို ဝင်တဲ့ input output တွေ Power supply တွေဘာတွေရှိလဲ Drawing ဖတ်ကြည့်တော့အားပါးမနဲဘူး
သူငယ်ချင်းETO တယောက်ပြောသလို
ကျွတ်ဆင်ကြီးပါလား။
Input output တွေက Cylender (No1) ရဲ့ FIVA control (pilot valve) လဲ က J70, power က J9
FIVA FeedBack J30။ Fuel pump plunget Position က J31။ Exhust Valve Position က J34။
Starting Air Valve Control က J50။ Lubricator Activation က J51။ Lubricator FeedBack က J52။ Cylinder Lub Oil level က J21။ Shut down (From Safety System) က J32။ Power supply က J1။ NET B J66, NET A J65။
TACHO B နဲ့ ပတ်သက်တာတွေက J44, J45, J46, J47.
TACHO A နဲ့ပတ်သက်တာတွေက J 40,J 41, J42, J43. တို့တပ်ဆင်ထားတယ်။
Main Switchboardက Insulation ကျရင်ရှာသလိုဘဲ Breaker တွေ တစ်ခုချင်းချသလို J (ဂျေ) connection တွေ တစ်ခု
ပြီးတစ်ခုဖြုတ်ရှာရတာပါဘဲ။
Control ခန်းထဲ Engineer တစ်ယောက်ကို MOP ရဲ့ Maintenance Column. Troubleshooting အောက်က Insulation page မှာ ကြည့်ခိုင်းပြီး ETO က CCU 1 ရဲ့ I/O တွေကို တစ်ခုချင်း
ဖြုတ်ကြည့်ကြပါတယ်။ CCU1 ရဲ့ Location က Main Engine platform အလယ်ထပ်က ECC-2 cabinet ထဲမှာရှိပါတယ်။
အတိုချုပ် ပြောရရင်တော့ နောက်ဆုံး FIVA မှာသွားတွေ့တယ်။
FIVA မှာက လဲ Feedback J30 ကOk. နောက်ဆုံး Pilot valve (block) ကဖြစ်နေတယ်။
Spare လဲရှိနေတော့ လဲလိုက်တော့ Ok သွားပါတယ်။
လဲမယ်ဆိုရင် Hydraulic line
diagram မှာရှိတဲ့လိုအပ်တဲ့ valve တွေပိတ်ရမှာပါ
Line diagram နဲ့ ပုံလေးတွေပေးထားပါတယ်
လေ့လာကြည့်ပါ။
ရေးထားတာလွယ်နေမလားတော့မသိဘူး တကယ်တော့ ဖြစ်တန်ရာကိုရှာတဲ့
အဆင့်တွေ မလိုအပ်လို့ အများကြိးချန်ထားခဲ့ပါတယ် လွယ်လွယ်နဲ့တော့ရှာလို့မရခဲ့ပါဘူး
။
CCU က J1ကို ဖြုတ်စစ်စဥ်က
ပေါ်လာတဲ့ Alarm တွေကိုတော့
Turning Gear 5 Turns ခန့်လည့်ပြီး
Reset လုပ်ခဲ့ပါတယ်။
Air blow လုပ်ခြင်းဖြစ်လဲ Reset လုပ်နိုင်ပါတယ်။
တခြားသင်္ဘောတစ်စီးက ဖြစ်ပုံက style တမျိုး သင်္ဘော သွားနေရင်း
Cylinder Lubricator က Level sensor က Fault ဖြစ်ပြီး Engine Slowdown ဖြစ်သွားတယ်။
Spare ရှာတော့ရှိတယ် အဲ့ဒါနဲ့ Spare လဲထဲ့လိုက်တယ်။
ပြန်မောင်းတော့ ok
ဒါပေမဲ့ ခဏကြာတော့ insulation alarm လဲတတ်လာတယ် Sensor Fault ပြန်ဖြစ်ပြီး
Slowdown ပြန်ဖြစ်သွားတယ်
စက်ချုပ်နဲ့တိုင်ပင်ပြီး Alarm လာတဲ့ sensor ရဲ့ Channel ကို Invalid
လုပ်မောင်းပြီ Spare အသစ်ထပ်မှာခဲ့တယ်
ဆိပ်ကမ်းရောက်တော့ spare အသစ်ရတော့
ထပ်လဲတယ် ဒီတခါတော့ OK
သွားတယ် သုံးသပ်တာက ပထမ လဲတဲ့sensor cable က leak ဖြစ်နေတယ်လို့သုံးသပ်ရပါတယ်
spare packing က loose ဖြစ်နေတော့အဟောင်းလဲဖြစ်နိုင်တာပေါ့။
အလားတူ insulation ပြသနာမျိုးတွေကိုလဲ MAN B & W ရဲ့ Service LetterSL 2012-561 မှာလဲ
လေ့လာနိုင်ပါတယ်။
ဒီအတွေ့ကြုံလေး ဖတ်မိရင်တော့ ညီအကိုတို့ ဒီလို ပြသနာ မျိုးကြုံခဲ့ရင် Troubleshooting လုပ်တဲ့အခါ အထောက်အကူ ဖြစ်မှာပါ အားလုံးအဆင်ပြေကြပါစေ။
Credit : Original uploader
Popular
Engine Control Room Air Condition ပြသနာ
ကျွန်တော့ သဘော် Engine Control Room ထဲမှာ Air cond က နှစ်လုံးရှိတယ် တစ်လုံးက compressor suction Low pressure Alarm လာတယ် Reset လုပ်လိုက်တယ် ...

-
ကျွန်တော့ သဘော် Engine Control Room ထဲမှာ Air cond က နှစ်လုံးရှိတယ် တစ်လုံးက compressor suction Low pressure Alarm လာတယ် Reset လုပ်လိုက်တယ် ...